日本でのにんしん
  • Home
    • 相談先
    • 避妊
    • 妊娠したかも
    • 妊娠と仕事
    • 妊娠と学校
    • 妊娠出産の費用
    • 在留資格
    • 中絶
    • 赤ちゃんポスト
    • 技能実習生の話
    • 留学生の話
    • リンさんは無罪
    • 寄付のお願い
    • 書籍紹介
  • Tiếng Việt
    • Nơi Tư Vấn (consultation)
    • Phòng tránh thai (contraception)
    • Mang thai (pregnant)
    • Mang thai và làm việc (work)
    • Mang thai và trường học (school)
    • Chi phí (expense)
    • Tình trạng lưu trú (status)
    • Bỏ thai (abortion)
    • Hộp thư trẻ sơ sinh (babay hatch)
    • Câu chuyện của thực tập sinh kỹ năng(実習生)
    • Mang thai và trường học (student)
  • English
    • Consultation
    • Contraception
    • might be pregnant.
    • pregnancy and work
    • pregnancy & school
    • expenses for childbirth
    • status of residence
    • abortion
    • Baby Hatch
    • Technical Intern Trainee
    • international student
    • Ms.Linh is not guilty
  • नेपाली
    • परामर्श Consultation
    • गर्भनिरोधन Contraception
    • गर्भवती हुन सक्छ pregnant
    • काम work
    • विद्यालय school
    • खर्चहरु expenses
    • निवासको स्थिति status
    • गर्भपतन abortion
    • शिशु पोस्ट baby hatch
    • टेक्निकल इंटर्न ट्रेनी Trainee
    • अन्तर्राष्ट्रिय विद्यार्थी student
  • 中文
    • 信息咨询
    • 避孕
    • 怀孕
    • 工作
    • 学校
    • 怀孕和分娩的费用
    • 在留资格
    • 流产
    • 婴儿信箱
    • 技能实习生
    • 留学生
  • Filipino
    • KONSULTASYON
    • Kontrsepsiyon
    • Maaaring nagdadalang-tao(pregnant.)
    • Ang pagbubuntis at ang trabaho (work)
    • Ang pagbubuntis at and pag-aaral(school)
    • Mga gastos sa panganganak(expenses)
    • Katayuan ng paninirahan(visa)
    • Pagpapalaglag(abortion)
    • Baby Hatch (Tag)
    • Technical Intern Trainee
    • internasyonal na estudyante
    • Walang kasalanan si Ms. Linh
  • Indonesia
    • Konsultasi (Consultation)
    • Kontrasepsi (Contraception)
    • Mungkin sedang hamil (might be pregnant.)
    • Kehamilan dan Pekerjaan (work)
    • Kehamilan dan Sekolah (school)
    • Biaya Persalinan (expenses)
    • Status Izin Tinggal (status)
    • aborsi (abortion)
    • Kotak Pos Bayi (BabyHatch)
    • Pemagang Kerja Teknis (TIT)
    • Pelajar Internasional (international student)
    • Linh Tidak Bersalah
  • မြန်မာဘာသာ
    • တိုင်ပင်ဆွေးနွေးရန်နေရာ(Consultation)
    • ကိုယ်ဝန်မရအောင်တားဆီးခြင်း(contraception)
    • ကိုယ်ဝန်ရှိကောင်းရှိနေလိမ့်မယ်(pregnant)
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် အလုပ်ပါလုပ်နေ&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် ကျောင်းပါတက်န&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအ&#
    • နေထိုင်ခွင့်အမျိုးအစား/အခြေအနေ(status)
    • ကိုယ်ဝန်ဖျက်ချခြင်း(abortion)
    • ဘေဘီပို့စုတို (baby hatch)
    • နည်းပညာအလုပ်သင်များ၏ပြောပြချက်(TITP)
    • ကျောင်းသားများ၏ပြောပြချက်(student)
    • လင်းစံသည် အပြစ်မရှိပါ (Mr.Linh)
  • Home
    • 相談先
    • 避妊
    • 妊娠したかも
    • 妊娠と仕事
    • 妊娠と学校
    • 妊娠出産の費用
    • 在留資格
    • 中絶
    • 赤ちゃんポスト
    • 技能実習生の話
    • 留学生の話
    • リンさんは無罪
    • 寄付のお願い
    • 書籍紹介
  • Tiếng Việt
    • Nơi Tư Vấn (consultation)
    • Phòng tránh thai (contraception)
    • Mang thai (pregnant)
    • Mang thai và làm việc (work)
    • Mang thai và trường học (school)
    • Chi phí (expense)
    • Tình trạng lưu trú (status)
    • Bỏ thai (abortion)
    • Hộp thư trẻ sơ sinh (babay hatch)
    • Câu chuyện của thực tập sinh kỹ năng(実習生)
    • Mang thai và trường học (student)
  • English
    • Consultation
    • Contraception
    • might be pregnant.
    • pregnancy and work
    • pregnancy & school
    • expenses for childbirth
    • status of residence
    • abortion
    • Baby Hatch
    • Technical Intern Trainee
    • international student
    • Ms.Linh is not guilty
  • नेपाली
    • परामर्श Consultation
    • गर्भनिरोधन Contraception
    • गर्भवती हुन सक्छ pregnant
    • काम work
    • विद्यालय school
    • खर्चहरु expenses
    • निवासको स्थिति status
    • गर्भपतन abortion
    • शिशु पोस्ट baby hatch
    • टेक्निकल इंटर्न ट्रेनी Trainee
    • अन्तर्राष्ट्रिय विद्यार्थी student
  • 中文
    • 信息咨询
    • 避孕
    • 怀孕
    • 工作
    • 学校
    • 怀孕和分娩的费用
    • 在留资格
    • 流产
    • 婴儿信箱
    • 技能实习生
    • 留学生
  • Filipino
    • KONSULTASYON
    • Kontrsepsiyon
    • Maaaring nagdadalang-tao(pregnant.)
    • Ang pagbubuntis at ang trabaho (work)
    • Ang pagbubuntis at and pag-aaral(school)
    • Mga gastos sa panganganak(expenses)
    • Katayuan ng paninirahan(visa)
    • Pagpapalaglag(abortion)
    • Baby Hatch (Tag)
    • Technical Intern Trainee
    • internasyonal na estudyante
    • Walang kasalanan si Ms. Linh
  • Indonesia
    • Konsultasi (Consultation)
    • Kontrasepsi (Contraception)
    • Mungkin sedang hamil (might be pregnant.)
    • Kehamilan dan Pekerjaan (work)
    • Kehamilan dan Sekolah (school)
    • Biaya Persalinan (expenses)
    • Status Izin Tinggal (status)
    • aborsi (abortion)
    • Kotak Pos Bayi (BabyHatch)
    • Pemagang Kerja Teknis (TIT)
    • Pelajar Internasional (international student)
    • Linh Tidak Bersalah
  • မြန်မာဘာသာ
    • တိုင်ပင်ဆွေးနွေးရန်နေရာ(Consultation)
    • ကိုယ်ဝန်မရအောင်တားဆီးခြင်း(contraception)
    • ကိုယ်ဝန်ရှိကောင်းရှိနေလိမ့်မယ်(pregnant)
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် အလုပ်ပါလုပ်နေ&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် ကျောင်းပါတက်န&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအ&#
    • နေထိုင်ခွင့်အမျိုးအစား/အခြေအနေ(status)
    • ကိုယ်ဝန်ဖျက်ချခြင်း(abortion)
    • ဘေဘီပို့စုတို (baby hatch)
    • နည်းပညာအလုပ်သင်များ၏ပြောပြချက်(TITP)
    • ကျောင်းသားများ၏ပြောပြချက်(student)
    • လင်းစံသည် အပြစ်မရှိပါ (Mr.Linh)
Search by typing & pressing enter

YOUR CART

ဂျပန်တွင် ကလေးမွေးဖွားရန်အတွက် ဘယ်လောက်ကုန်ကျနိုင်ပါသလဲ။


ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းဆိုင်ရာ ကုန်ကျစရိတ်နှင့် အထောက်အပံ့စနစ်များ

ဂျပန်တွင် ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းသည် ရောဂါမဟုတ်သောကြောင့်ကျန်းမာရေးအာမခံကို အသုံးမပြုနိုင်ပါ။ (သို့သော်လည်း ကိုယ်ဝန်ပျို့အန်ခြင်းပြင်းထန်သည့်အခါ ကုသခြင်း နှင့် ခွဲစိတ်မွေးဖွားခြင်းများတွင်ကျန်းမာရေးအာမခံကို အသုံးပြုနိုင်သည်)။ သို့သော်လည်း မီးဖွားစရိတ်အတွက် ကုမ္ပဏီကျန်းမာရေးအာမခံ နှင့် နိုင်ငံသား ကျန်းမာရေး အာမခံမှ အထောက်အပံ့ရရှိနိုင်သည်။
​
ထို့အပြင် ကိုယ်ဝန်ရှိကြောင်း သိရှိပြီးနောက် နေထိုင်ရာမြို့နယ်ရှိ ကလေးပြုစုပျိုးထောင်မှုဆိုင်ရာဌာနသို့အကြောင်းကြားပါက "မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်" နှင့် ထောက်ပံ့သည့်ကူပွန် (ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှု အထောက်အပံ့လက်မှတ်) ကို ရရှိနိုင်ပါသည်။ ဤကူပွန်ကို အသုံးပြုပါက ကိုယ်တိုင်ပေးဆောင်ရမည့်ငွေ ပမာဏနည်းပါးသွားပါမည်။ အထောက်အပံ့၏ အကြောင်းအရာနှင့် ပမာဏသည် မြို့နယ်အလိုက် ကွဲပြားသည်။ နေထိုင်သူအဖြစ် မှတ်ပုံတင်ခြင်းမရှိသူ သို့မဟုတ် နေထိုင်ခွင့်သက်တမ်းလွန်နေသူများပင် ရရှိနိုင်သည့် အခြေအနေများ ရှိပါသည်။

1)ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှုစရိတ်​

ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးခြင်း (ပထမဆုံး ကိုယ်ဝန် စစ်ဆေးခြင်း): 
 ၅,၀၀၀ ယန်းမှ ၁၀,၀၀၀ ယန်း
※ဆေးရုံနှင့် စစ်ဆေးသည့်အကြောင်းအရာပေါ်မူတည်၍ ကွာခြားသည်။
 
ဒုတိယအကြိမ်နှင့်အထက် ကိုယ်ဝန်စစ်ဆေးခြင်း: 
၅,၀၀၀ ယန်းမှ ၈,၀၀၀ ယန်းခန့်
※အထောက်အပံ့ကူပွန်ကို အသုံးပြုပါက ပေးဆောင်ရမည့်ငွေသည် ၂,၀၀၀ ယန်းမှ ၃,၀၀၀ ယန်းခန့် ဖြစ်သွားသည်လဲရှိသည်။
သွေးစစ်ဆေးခြင်းရှိပါက ၁၀,၀၀၀ ယန်းမှ ၁၅,၀၀၀ ယန်းခန့် ကုန်ကျသည်။
※အထောက်အပံ့ကူပွန် အသုံးပြုနိုင်သည့် စစ်ဆေးမှုနှင့် မသုံးနိုင်သည့် စစ်ဆေးမှုများ ရှိသည်။

【ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှု အထောက်အပံ့လုပ်ငန်းစဉ်】
  1. သားဖွားမီးယပ်ဆေးခန်းတွင် ကိုယ်ဝန်ရှိကြောင်း ရှာဖွေအတည်ပြုပါ။
    ※ပထမဆုံးအကြိမ် ဆေးစစ်ခြင်းကို စရိတ်အပြည့်အဝပေးဆောင်ရမည်။
  2. နေထိုင်ရာမြို့နယ်၏ ရုံးတွင် "မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်" နှင့် "ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှု အထောက်အပံ့လက်မှတ်" ကို ရယူပါ။
    ※ပုံမှန်အားဖြင့် သားဖွားမီးယပ်ဆရာဝန်ထံမှ လုပ်ငန်းစဉ်များအတွက် စာရွက်စာတမ်း (ကိုယ်ဝန်ရှိကြောင်းအသိပေးစာ) ကို ရယူပြီးမှ မြို့နယ်ရုံးသို့ သွားရမည်။ (အချို့မြို့နယ်များတွင် သားဖွားမီးယပ်ဆေးခန်းမှ စာရွက်စာတမ်းမပါဘဲ "မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်"ပေးပါသည်)  ဒုတိယအကြိမ် စစ်ဆေးခြင်းမှစ၍ ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှု အထောက်အပံ့လက်မှတ်ကို အသုံးပြုလိုပါက ဆရာဝန်အား မည်သည့်အချိန်တွင် လုပ်ထုံးလုပ်နည်းများ ပြုလုပ်ရမည်ကို မေးမြန်းပါ။
    ※မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ် ရယူရန်အတွက် လိုအပ်သော စာရွက်စာတမ်းများသည် မြို့နယ်အလိုက် ကွဲပြားသည်။ ခုမာမိုတိုမြို့တွင် သားဖွားမီးယပ်ဆေးခန်းမှ "ကိုယ်ဝန်ရှိကြောင်းအသိပေးစာ" လိုအပ်ပါသည်။
 
​【ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးမှု အထောက်အပံ့လက်မှတ်အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်: ၁၃-၁၄ ကြိမ်】
 ကိုယ်ဝန်အစောပိုင်းကာလ~ ၂၃ ပတ်အထိ: ၄ ပတ်လျှင် ၁ ကြိမ်
 ၂၄ ပတ် ~ ၃၅ ပတ်အထိ: ၂ ပတ်လျှင် ၁ ကြိမ်
 ၃၆ ပတ်နှင့်နောက်ပိုင်း : ၁ ပတ်လျှင် ၁ ကြိမ်

2)ကလေးမွေးဖွားခြင်း ကုန်ကျစရိတ်​

ရိုးရိုးမွေးဖွားခြင်း: 
ရိုးရိုးမွေးဖွားခြင်းဆိုသည်မှာ သဘာဝအတိုင်း မွေးဖွားခြင်းဖြစ်သည်။ အခြေခံအားဖြင့်ကျန်းမာရေးအာမခံ  အသုံးပြု၍မရသောကြောင့် စရိတ်အပြည့်အဝ ပေးဆောင်ရမည်။ ၄၀၀,၀၀၀ ယန်းမှ ၈၀၀,၀၀၀ ယန်းခန့် ကုန်ကျမည်။ ထို့အပြင် ဆေးရုံတက်သည့်စရိတ်လည်း ကုန်ကျမည်။

ခွဲစိတ်မွေးဖွားခြင်း :
 ခွဲစိတ်မွေးဖွားခြင်းဆိုသည်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဝမ်းဗိုက်ကို ဓားဖြင့်ခွဲပြီး ကလေးကို ထုတ်ယူသည့် မွေးဖွားနည်းဖြစ်သည်။ ကျန်းမာရေးအာမခံ အသုံးပြုနိုင်သော်လည်း ၂၀၀,၀၀၀ ယန်းခန့် ကုန်ကျသည်။ ထို့အပြင် ဆေးရုံတက်စရိတ်လည်း ကုန်ကျမည်။

မီးဖွားစရိတ်မရှိပါက (ဆေးရုံတက်မီးဖွားစနစ်)​

မီးဖွားစဉ် စီးပွားရေးအခြေအနေကြောင့် ဆေးရုံတက်ရန် မတတ်နိုင်သည့် ကိုယ်ဝန်ဆောင်များအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ဆေးရုံတက်မီးဖွားနိုင်သည့် စနစ်ရှိပါသည်။
ကျန်းမာရေးအာမခံ မဝင်ထားသူများ နှင့် နေထိုင်ခွင့်သက်တမ်းလွန်နေသူများပင် ရနိုင်ပါသည်။ နေထိုင်ရာမြို့နယ်ရှိ ကလေးပြုစုပျိုးထောင်မှုဆိုင်ရာဌာနတွင် ဆွေးနွေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းအတွက် ရရှိနိုင်သော ငွေကြေးအထောက်အပံ့များ

နည်းပညာအလုပ်သင်ကဲ့သို့သော နိုင်ငံခြားသားများလည်း ကလေးမွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေ ကဲ့သို့သော မီးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ စနစ်များကို အသုံးပြုနိုင်ပါသည်။ နေထိုင်ခွင့်အခြေအနေနှင့် မသက်ဆိုင်ပါ။ သို့သော် သတ်မှတ်ထားသော အချက်များကို ပြည့်မီရန် လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်ထောက်ပံ့ငွေ

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် "ကိုယ်ဝန်ဆောင်ထောက်ပံ့ငွေ" ကို ရရှိနိုင်သည်။ ဤငွေသည် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းအတွက် ကုန်ကျစရိတ်များကို သက်သာစေရန်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်စဉ်မှ ကလေးကြီးပြင်းသည်အထိ ကျန်းမာရေးဝန်ထမ်းများကဲ့သို့သော ကျွမ်းကျင်ပညာရှင်များမှ အကြံဉာဏ်ပေးသည့် "ကိုယ်ဝန်ဆောင်မှုဆိုင်ရာအလုံးစုံဆွေးနွေးနိုင်သောအထောက်အပံ့" လည်း ရှိပါသည်။ ၎င်းတို့ကို အသုံးပြု၍ ကိုယ်ဝန်ဆောင်အမျိုးသမီး (မိခင်လောင်း) ကို ပံ့ပိုးပေးသည်။

ရယူနိုင်သူများ:
နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး ဆေးရုံတွင် ကိုယ်ဝန်ရှိကြောင်း သိရှိသူ (ကလေး၏နှလုံးခုန်သံကို အတည်ပြုနိုင်သူ)
ကိုယ်ဝန်ပျက်ကျသူ၊ ကလေးသေဆုံးမွေးဖွားသူ၊ ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်ခဲ့သူများလည်း ရရှိနိုင်သည်။
 
ပမာဏ:
မြို့နယ်သို့ ကိုယ်ဝန်ရှိကြောင်းအကြောင်းကြားပြီး လျှောက်ထားပါက ၅၀,၀၀၀ ယန်း ရရှိသည်။ ထို့အပြင် မီးဖွားမည့်ရက်၏ ၈ ပတ်အလိုနောက်ပိုင်းတွင် ကလေးဦးရေကို အကြောင်းကြားပါက ကလေးတစ်ဦးလျှင် ၅၀,၀၀၀ ယန်း ထပ်ဆောင်းရရှိမည်။ (ဥပမာ၊ အမြွှာဖြစ်ပါက ၅၀,၀၀၀ ယန်း + ၁၀၀,၀၀၀ ယန်း = စုစုပေါင်း ၁၅၀,၀၀၀ ယန်း ရရှိမည်)။ အချို့မြို့နယ်များတွင် ငွေသားမဟုတ်ဘဲ ကူပွန်ဖြင့် ရရှိနိုင်သည်။

လုပ်ထုံးလုပ်နည်း :
ဆေးရုံတွင် ကလေး၏နှလုံးခုန်သံကို အတည်ပြုနိုင်ပါက နေထိုင်ရာမြို့နယ်သို့ ကိုယ်ဝန်ရှိကြောင်း အကြောင်းကြားပါ။ ဤငွေကို ရယူရန် လုပ်ငန်းစဉ်သည် မြို့နယ်အလိုက် ကွဲပြားသည်။ ထောက်ပံ့ငွေ၏အမည်နှင့် ပေးချေမှုနည်းလမ်းလည်း ကွဲပြားသည်။ (ခုမာမိုတိုမြို့တွင် "Welcome Baby Gift" ဟုခေါ်သည်)။ အသေးစိတ်အတွက် မြို့နယ်မှ သက်ဆိုင်ရာဝန်ထမ်းကို မေးမြန်းပါ။
 
ကိုယ်ဝန်ပျက်ကျသူ၊ ကလေးသေဆုံးမွေးဖွားသူ၊ ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်ခဲ့သူများသည် ဆေးရုံမှ အတည်ပြုလက်မှတ်ရယူပြီးနောက် မြို့နယ်တွင် လျှောက်ထားနိုင်သည်။

ကလေးမွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေ

မီးဖွားခြင်းသည် ရောဂါမဟုတ်သောကြောင့် ကျန်းမာရေးအာမခံကို အသုံးပြု၍မရပါ။ သို့သော်လည်း မီးဖွားစရိတ်အတွက် ကျန်းမာရေးအာမခံမှ အထောက်အပံ့ပေးသည်။ ထို့အပြင် ကုမ္ပဏီကျန်းမာရေးအာမခံမဝင်ထားသူများလည်းနိုင်ငံသားကျန်းမာရေးအာမခံတွင်ဝင်ထားပါက ကလေးမွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေကို ရရှိနိုင်သည်။ ကိုယ်ဝန် ၁၂ ပတ်မြောက် (၈၅ ရက်) နောက်ပိုင်း ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးသေဆုံးမွေးဖွားခြင်းဖြစ်ပါကလည်း ကလေးမွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေကို ရရှိနိုင်သည်။ 

ရရှိနိုင်သူများ :
ကုမ္ပဏီကျန်းမာရေးအာမခံ သို့မဟုတ် နိုင်ငံသားကျန်းမာရေးအာမခံတွင် ပါဝင်သူများ မှာကလေးမွေးဖွားပါက ရရှိနိုင်သည်။ ကျန်းမာရေးအာမခံဝင်ထားသူ၏ မှီခိုသူ (ကျန်းမာရေးအာမခံဝင်ထားသူနှင့် အတူနေထိုင်ပြီး ငွေကြေးနှင့် နေထိုင်မှုအတွက် ထောက်ပံ့ခံရသည့် မိသားစု) မှ ကလေးမွေးဖွားပါကလည်း ရရှိနိုင်သည်။ ကိုယ်ဝန် ၄ လ (၈၅ ရက်) ရှိ၍ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးသေဆုံးမွေးဖွားခြင်းဖြစ်ပါကလည်း ရရှိနိုင်သည်။

ကုမ္ပဏီကျန်းမာရေးအာမခံသို့မဟုတ် နိုင်ငံသားကျန်းမာရေးအာမခံဝင်ထားစဉ် ဂျပန်တွင် မွေးဖွားခြင်းအပြင် မိခင်နိုင်ငံသို့ ခေတ္တပြန်ပြီး မွေးဖွားပါကလည်း ရရှိနိုင်သည်။

အလုပ်မှထွက်သည့်အခါ ကုမ္ပဏီကျန်းမာရေးအာမခံတွင် တစ်နှစ်ထက်ပို၍ ဝင်ခဲ့ပြီး အလုပ်ထွက်သည့်နေ့မှ ၆ လအတွင်း မွေးဖွားပါကလည်း ရရှိနိုင်သည်။  အလုပ်ထွက်ပြီး မိခင်နိုင်ငံသို့ ပြန်ပြီးနောက် မွေးဖွားပါကလည်း ရရှိနိုင်သည်။ သို့သော် နိုင်ငံသားကျန်းမာရေးအာမခံဝင်ထားသူသည် နေထိုင်ခွင့်ကာလကုန်ပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပြီး မွေးဖွားပါက ထောက်ပံ့ငွေကို ရရှိမည်မဟုတ်ပါ။
 
ပမာဏ:
ကလေးတစ်ဦးလျှင် ၅၀၀,၀၀၀ ယန်း။
 
လုပ်ထုံးလုပ်နည်း :
ဂျပန်တွင် မွေးဖွားပါက ဆေးရုံသို့သွားသည့်အခါ ကောင်တာတွင် လျှောက်ထားပါ။ ဆေးရုံအများစုတွင် "တိုက်ရိုက်ပေးချေမှုစနစ်" ဟုခေါ်သော ကျန်းမာရေးအာမခံပေးသည့်ဌာနမှ ဆေးရုံသို့ ငွေကို တိုက်ရိုက်ပေးချေသည့်စနစ်ကိုလည်းအသုံးပြုနိုင်သည် ။ ထို့ကြောင့် မွေးဖွားစရိတ်တွင် မိမိကိုယ်တိုင်ပေးဆောင်ရမည့် ပမာဏ (၅၀၀,၀၀၀ ယန်းထက် ပိုကုန်ကျသည့် ပမာဏ) ကိုသာ ပေးဆောင်ရန်လိုသည်။ မွေးဖွားစရိတ်သည် ၅၀၀,၀၀၀ ယန်းထက် နည်းပါက ပိုလျှံသည့်ငွေကို ပြန်လည်ရရှိနိုင်သည်။
 
လူမှုဖူလုံရေးအာမခံဝင်ထားသူသည် မိခင်နိုင်ငံတွင် မွေးဖွားပါက လိုအပ်သော စာရွက်စာတမ်းများမှာ "မွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေ လျှောက်လွှာ"၊ မိခင်နှင့်ကလေးလက်စွဲစာအုပ်မိတ္တူ၊ မွေးစာရင်း (ကလေးသေဆုံးမွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းဖြစ်ပါက သေဆုံးကြောင်းလက်မှတ်) နှင့် ၎င်း၏ ဂျပန်ဘာသာပြန်ထားသည့်စာရွက်တို့ ဖြစ်သည်။ (လျှောက်လွှာတွင် ဂျပန်ပြည်တွင်းဘဏ်စာရင်းနံပါတ်ကို ဖြည့်သွင်းရန် လိုအပ်သည်)။
 
နိုင်ငံသားကျန်းမာရေးအာမခံဝင်ထားသူသည် မိခင်နိုင်ငံသို့ ခေတ္တပြန်ပြီး မွေးဖွားပါက ဂျပန်သို့ ပြန်ရောက်ပြီးနောက် အောက်ပါစာရွက်စာတမ်းများကို တင်ပြရန် လိုအပ်သည်- "မွေးဖွားစရိတ် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေ လျှောက်လွှာ"၊ နိုင်ငံကူးလက်မှတ်၊ မွေးစာရင်း (ကလေးသေဆုံးမွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းဖြစ်ပါက သေဆုံးကြောင်းလက်မှတ်) နှင့် ၎င်း၏ ဂျပန်ဘာသာပြန်စာရွက်၊ အာမခံကတ်၊ ဘဏ်စာအုပ်၊ မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်တို့ ဖြစ်သည်။

မီးဖွားခွင့် ထောက်ပံ့ငွေ

အလုပ်လုပ်နေပြီး ကုမ္ပဏီ၏ကျန်းမာရေးအာမခံဝင်ထားသူသည် မီးဖွားရန် အလုပ်ခွင့်ယူပါက "မီးဖွားခွင့် ထောက်ပံ့ငွေ" ကို ရရှိနိုင်သည်။
 
ရရှိနိုင်သူများ:
ကုမ္ပဏီကျန်းမာရေးအာမခံဝင်ထားပြီး မီးဖွားရန် အလုပ်ခွင့်ယူစဉ် ကုမ္ပဏီမှ လစာမရသောသူများသည် မီးဖွားခွင့် ထောက်ပံ့ငွေကို ရရှိနိုင်သည်။ သို့သော် မီးမဖွားမီ ၄၂ ရက် (အမြွှာကိုယ်ဝန်ဖြစ်ပါက ၉၈ ရက်) မှ မီးဖွားပြီးနောက် ၅၆ ရက်အထိ ကာလအတွက်သာ ထောက်ပံ့ငွေကို ရရှိမည်။ နိုင်ငံသားကျန်းမာရေးအာမခံဝင်ထားသူများသည် မီးဖွားခွင့် ထောက်ပံ့ငွေကို ရရှိမည်မဟုတ်ပါ။

အလုပ်ထွက်သည့်အခါ ကျန်းမာရေးအာမခံတွင် တစ်နှစ်ထက်ပို၍ ပါဝင်ခဲ့ပြီး အလုပ်ထွက်သည့်နေ့၏ နောက်နေ့အထိ မီးဖွားခွင့် ထောက်ပံ့ငွေရရှိခဲ့ပါက အလုပ်ထွက်ပြီးနောက်တွင်လည်း ဆက်လက်ရရှိနိုင်သည်။ ဂျပန်မှထွက်ခွာသွားပါကလည်း ရရှိနိုင်သည်။
 
ပမာဏ:
ပုံမှန် လစာနှုန်းထား၏ နေ့စဉ်ပမာဏ (အနားမယူမီ တစ်ရက်စာလစာ) ၃ ပုံ ၂ ပုံကို အလုပ်နားသည့်ရက်များအတွက် ရရှိနိုင်သည်။
 
လုပ်ထုံးလုပ်နည်း :
မီးဖွားခွင့်မယူမီ ကုမ္ပဏီသို့ လျှောက်ထားပါ။ ကုမ္ပဏီက လျှောက်ထားခြင်းမပြုပါက ကျန်းမာရေးအာမခံအဖွဲ့အစည်းသို့ တိုက်ရိုက် လျှောက်ထားပါ။

ကလေးပြုစုခွင့် ထောက်ပံ့ငွေ

အသက် ၁ နှစ်အောက် ကလေးကို ပြုစုရန်အတွက် ကုမ္ပဏီ၏ ကလေးပြုစုခွင့်စနစ်ကို အသုံးပြု၍ အလုပ်နားထားစဉ် "ကလေးပြုစုခွင့် ထောက်ပံ့ငွေ" ကို ရရှိနိုင်သည်။ ရရှိမည့်ပမာဏသည် အလုပ်မနားမီလစာပေါ်မူတည်၍ ကွဲပြားသည်။

ရရှိနိုင်သူများ:
အလုပ်အာမခံဝင်ထားပြီး ကုမ္ပဏီ၏ ကလေးပြုစုခွင့်စနစ်ကို အသုံးပြု၍ အလုပ်နားနေသူများ ထောက်ပံ့ငွေကို ရရှိနိုင်သည်။ ကလေးအသက် ၁ နှစ်ပြည့်သည်အထိ ထောက်ပံ့ငွေကို ရရှိမည်။

နည်းပညာအလုပ်သင်ကဲ့သို့ အလုပ်စာချုပ်သက်တမ်း သတ်မှတ်ထားသူများလည်း ကလေးအသက် ၁ နှစ် ၆ လပြည့်သည်အထိ အလုပ်စာချုပ်ဆက်လက်တည်ရှိမည်ဆိုပါက ကလေးပြုစုခွင့်ယူနိုင်သည်။ ကလေးအသက် ၁ နှစ် ၆ လမပြည့်မီ အလုပ်စာချုပ်ကုန်ဆုံးပါက ကလေးပြုစုခွင့်ယူနိုင်မည်မဟုတ်ပါ။ (သို့သော်လည်း အလုပ်စာချုပ်ကို သက်တမ်းတိုးရန် အစီအစဉ်ရှိပါက ကလေးပြုစုခွင့်ယူနိုင်သည်)။ ထို့အပြင် အချို့ကုမ္ပဏီများတွင် အလုပ်ဝင်ပြီး တစ်နှစ်မပြည့်သေးသူများကို ကလေးပြုစုခွင့်မပေးရန် အလုပ်သမားနှင့် ကုမ္ပဏီ သဘောတူညီချက်ရှိသည်။ အလုပ်ဝင်ပြီး တစ်နှစ်မပြည့်သေးသူများသည် မိမိကုမ္ပဏီတွင် ကလေးပြုစုခွင့်ယူနိုင်ခြင်း ရှိ၊ မရှိကို ကုမ္ပဏီသို့ အတည်ပြုမေးမြန်းရန် လိုအပ်သည်။
 
ပမာဏ:
ကလေးပြုစုခွင့် ထောက်ပံ့ငွေရရှိသည့် ရက်သည် ၁၈၀ ရက်အထိရှိပါက အလုပ်မနားမီလစာ၏ ၆၇% ကို ရရှိနိုင်သည်။ ထို့နောက်တွင် အလုပ်မနားမီလစာ၏ ၅၀% ကို ရရှိမည်။ ထောက်ပံ့ငွေကို ၂ လလျှင် တစ်ကြိမ်၊ ၂ လစာအတွက် ပေးချေသည်။

လုပ်ထုံးလုပ်နည်း :
ကုမ္ပဏီမှ Hello Work သို့ လျှောက်ထားခိုင်းပါ။ ကုမ္ပဏီက လျှောက်ထားခြင်းမပြုပါက မိမိကိုယ်တိုင် Hello Work သို့သွားရောက် လျှောက်ထားပါ။

ရောဂါ/ဒဏ်ရာ ထောက်ပံ့ငွေ

ရောဂါ သို့မဟုတ် ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့် ကာလအတွင်း ရရှိသောငွေဖြစ်သည်။ ကိုယ်ဝန်ရှိ၍ ကျန်းမာရေးမကောင်းသဖြင့် အလုပ်မလုပ်နိုင်သည့်အခါလည်း ရောဂါ/ဒဏ်ရာ ထောက်ပံ့ငွေကို ရရှိနိုင်ပါသည်။
 
ရရှိနိုင်သူများ:
ရောဂါ/ဒဏ်ရာ ထောက်ပံ့ငွေသည် ကျန်းမာရေးအာမခံ၏ စနစ်ဖြစ်သည်။ နိုင်ငံသားကျန်းမာရေးအာမခံဝင်ထားသူများတွင် ဤထောက်ပံ့ငွေ မရှိပါ။ 
ရောဂါ/ဒဏ်ရာ ထောက်ပံ့ငွေ ရရှိနိုင်သည့် အခြေအနေများသည် လူမှုဖူလုံရေးအာမခံအဖွဲ့အစည်းအလိုက် ကွဲပြားသည်။ သို့သော် အများအားဖြင့် အောက်ပါအချက်များဖြစ်သည်။
  • ကိုယ်ဝန်ကြောင့် ကျန်းမာရေးမကောင်းသဖြင့် အလုပ်မလုပ်နိုင်ခြင်း။
  •  ၃ ရက်ဆက်တိုက်အပါအဝင် ၄ ရက်နှင့်အထက် အလုပ်မလုပ်နိုင်ခြင်း။
  • အလုပ်မလုပ်သည့်ကာလအတွင်း လစာမရရှိခြင်း။
 
ပမာဏ:
ကုမ္ပဏီကို ဆက်တိုက်နားခဲ့သည့် ၃ ရက်၏ နောက်နေ့မှစ၍ အများဆုံး ၁ နှစ် ၆ လအထိ ရရှိနိုင်သည်။ လစဉ်ဝင်ငွေ၏ ၃ ပုံ ၂ ပုံကို ရရှိမည်။ အလုပ်နားထားစဉ် ကုမ္ပဏီမှ လစာပေးထားသော်လည်း ထောက်ပံ့ငွေပမာဏထက် နည်းပါက ထိုခြားနားသောပမာဏကို ရရှိနိုင်သည်။
 
လုပ်ထုံးလုပ်နည်း :
ကုမ္ပဏီနှင့် ဆရာဝန်အား "ရောဂါ/ဒဏ်ရာ ထောက်ပံ့ငွေ လျှောက်လွှာ" ကို ဖြည့်သွင်းခိုင်းပါ။ (ဆရာဝန်ထောက်ခံစာသည် ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်၏အစားအနေဖြင့် အသုံးပြုနိုင်မည်မဟုတ်ပါ။) ထို့နောက် အာမခံအဖွဲ့အစည်းသို့ လျှောက်ထားပါ။

မွေးကင်းစကလေးသူငယ်ဆေးကုသစရိတ်အထောက်အပံ့

မွေးဖွားလာသော ကလေးငယ်သည် ဆေးရုံတွင် ဆေးစစ်ခြင်း သို့မဟုတ် ကုသမှုခံယူသည့်အခါ ထိုကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို နေထိုင်ရာမြို့နယ် (နေထိုင်သူအဖြစ် မှတ်ပုံတင်ထားသည့် မြို့နယ်) က ပံ့ပိုးပေးသည့် စနစ်ဖြစ်သည်။
 
ရရှိနိုင်သူများ:
ကလေးသည် ကုမ္ပဏီ၏ကျန်းမာရေးအာမခံ သို့မဟုတ် နိုင်ငံသားကျန်းမာရေးအာမခံတွင် ဝင်ထားရန် လိုအပ်ပါသည်။
ကလေးငယ် မည်သည့်အသက်အထိ "မွေးကင်းစကလေးသူငယ်ဆေးကုသစရိတ်အထောက်အပံ့" ကို ရရှိနိုင်သည်၊ မည်သည့်အချိန်တွင် ရရှိနိုင်သည်ဆိုသည့် အချက်များသည် နေထိုင်ရာမြို့နယ်အလိုက် ကွဲပြားသည်။ နေထိုင်ရာမြို့နယ်သို့ ဆွေးနွေးမေးမြန်းပြီး အတည်ပြုပါ။
 
ပမာဏ:
ပမာဏသည်လည်း နေထိုင်ရာမြို့နယ်အလိုက် ကွဲပြားသည်။ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အားလုံးကို ပေးဆောင်ရန် မလိုသည့် အခြေအနေများ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပေးဆောင်ရသည့် အခြေအနေများ လည်းရှိပါသည်။
 
လုပ်ထုံးလုပ်နည်း :
ကလေးမွေးဖွားပြီးနောက် နေထိုင်ရာမြို့နယ်၏ ကလေးပြုစုပျိုးထောင်မှုဆိုင်ရာဌာနသို့ လျှောက်ထားပြီး "မွေးကင်းစကလေးသူငယ်ဆေးကုသလက်မှတ်" ကို ရယူပါ။ ကလေးသည် ဆေးရုံသို့သွားသည့်အခါ ဆေးရုံတွင် အာမခံကတ်နှင့်အတူ "မွေးကင်းစကလေးသူငယ်ဆေးကုသလက်မှတ်" ကို ပြသပါ။ ကလေးငယ်၏ တစ်လသားကျန်းမာရေးစစ်ဆေးမှုမှစ၍ "မွေးကင်းစကလေးသူငယ်ဆေးကုသစရိတ်အထောက်အပံ့" ကို အသုံးပြုနိုင်သောကြောင့် အချိန်မီ လျှောက်ထားပါ။

ကလေးစရိတ်စကထောက်ပံ့ငွေ

မွေးဖွားလာသောကလေးငယ် အထက်တန်းကျောင်းမှ ဘွဲ့ရသည်အထိ ကလေးတစ်ဦးလျှင် တစ်လလျှင် ၁၀,၀၀၀ ယန်းမှ ၃၀,၀၀၀ ယန်းအထိ ရရှိနိုင်သည်။ ပမာဏသည် ကလေး၏အသက်နှင့် ဦးရေအပေါ်မူတည်၍ ကွဲပြားသည်။ ကလေးသည် အခြေခံအားဖြင့် ဂျပန်တွင် နေထိုင်ရန် လိုအပ်သည်။

ရရှိနိုင်သူများ:
၁၈ နှစ်အထိ (အထက်တန်းကျောင်းမှ ဘွဲ့ရသည်အထိ) ကလေးများကို ပြုစုပျိုးထောင်သည့် အုပ်ထိန်းသူ (မိဘများ)။
 
ပမာဏ :
  • အသက် ၀ နှစ်မှ ၃ နှစ်အောက်- တစ်လလျှင် ၁၅,၀၀၀ ယန်း / တတိယမြောက်ကလေးနှင့်အထက်ဆိုလျှင် ၃၀,၀၀၀ ယန်း
  • အသက် ၃ နှစ်မှ အထက်တန်းကျောင်းမှ ဘွဲ့ရသည်အထိ (ပထမနှင့် ဒုတိယကလေး): တစ်လလျှင် ၁၀,၀၀၀ ယန်း
  • အသက် ၃ နှစ်မှ အထက်တန်းကျောင်းမှ ဘွဲ့ရသည်အထိ (တတိယမြောက်ကလေးနှင့်အထက်): တစ်လလျှင် ၃၀,၀၀၀ ယန်း

 မှတ်ချက်- ငွေကို ၂ လစာပေါင်းပြီး ၂ လတစ်ကြိမ် ရရှိသည် (ဖေဖော်ဝါရီ၊ ဧပြီ၊ ဇွန်၊ ဩဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ)။
 
လုပ်ထုံးလုပ်နည်း :
ကလေးမွေးပြီး ၁၅ ရက်အတွင်း နေထိုင်ရာမြို့နယ် (နေထိုင်သူအဖြစ် မှတ်ပုံတင်ထားသည့် မြို့နယ်) တွင် လျှောက်ထားပါ။ လျှောက်ထားရန် နောက်ကျပါက ကျော်လွန်သွားသောလများအတွက် ကလေးစရိတ်စကထောက်ပံ့ငွေကို ရရှိမည်မဟုတ်ပါ။

ကလေးပြုစုစရိတ်ထောက်ပံ့ငွေ

တစ်ဦးတည်းသောမိဘအိမ်ထောင်စု သို့မဟုတ် မိဘများတွင် ပြင်းထန်သောမသန်စွမ်းမှုရှိသည့် အခြေအနေများတွင် ဝင်ငွေအပေါ်မူတည်၍ ၁၀,၀၀၀ ယန်းမှ ၄၀,၀၀၀ ယန်းခန့် ရရှိနိုင်သည်။  ကလေးသည် အခြေခံအားဖြင့် ဂျပန်တွင် နေထိုင်ရန် လိုအပ်သည်။
 
ရရှိနိုင်သူများ:
တစ်ဦးတည်းသောမိဘအိမ်ထောင်စု သို့မဟုတ် မိဘများတွင် ပြင်းထန်သောမသန်စွမ်းမှုရှိသည့် အခြေအနေများတွင် အသက် ၁၈ နှစ်အထိ (၁၈ နှစ်ပြည့်ပြီးနောက် ပထမဆုံး မတ်လ ၃၁ ရက်အထိ) ကလေးများကို ပြုစုပျိုးထောင်သည့် ဖခင် သို့မဟုတ် မိခင်၊ သို့မဟုတ် မိဘများအစား ထိုကလေးများကို ပြုစုပျိုးထောင်ပေးသည့်သူများ။
 
ပမာဏ:
ပမာဏသည် ကလေးဦးရေနှင့် ဝင်ငွေအပေါ်မူတည်၍ ကွဲပြားသည်။ ငွေကို ၂ လစာပေါင်းပြီး ၂ လတစ်ကြိမ် ရရှိသည်။
 
လုပ်ထုံးလုပ်နည်း :
နေထိုင်ရာမြို့နယ် (နေထိုင်သူအဖြစ် မှတ်ပုံတင်ထားသည့် မြို့နယ်) ၏ ကလေးပြုစုပျိုးထောင်မှုဆိုင်ရာဌာနသို့ လျှောက်ထားပါ။

အခြားအထောက်အပံ့များ (မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်မှု)

ကလေးမွေးဖွားပြီးနောက် မိခင်၏ ခန္ဓာကိုယ်နှင့် စိတ်သည် အလွန်ပင်ပန်းနွမ်းနယ်လွယ်သည်။ ထိုအချိန်တွင် ဆေးရုံ သို့မဟုတ် သားဖွားဆေးခန်းတွင် သားဖွားဆရာမများက မိခင်နှင့် ကလေးကို ကူညီပေးသည်။ မိခင်သည် အနားယူနိုင်ပြီး အစားအစာများကို သက်သောင့်သက်သာ စားသုံးနိုင်သည်။ ထို့အပြင် မိခင်၏ရင်သားပြုစုစောင့်ရှောက်မှုနှင့် မိခင်နို့နှင့်ပတ်သက်သော အကြံဉာဏ်များကို ပေးသည်။
​
ဤအထောက်အပံ့ကို အနည်းငယ်သောငွေဖြင့် ရယူနိုင်သည်။ (ကုန်ကျစရိတ်၏ အများစုကို မြို့နယ်မှ ပေးဆောင်သည်)။ အထောက်အပံ့၏ အကြောင်းအရာနှင့် လုပ်ထုံးလုပ်နည်းသည် မြို့နယ်အလိုက် ကွဲပြားသည်။ အသေးစိတ်အတွက် မြို့နယ်မှ သက်ဆိုင်ရာဝန်ထမ်းကို မေးမြန်းပါ။
コムスタカ―外国人と共に生きる会
Kumustaka - Association for Living Together with Migrants

Nhóm Kumustaka – Đồng hành với người ngoại quốc

日本語     Tiếng Việt     English  नेपाली  中文 Tagalog Bahasa Indonesia  မြန်မာဘာသာ

Powered by Create your own unique website with customizable templates.