日本でのにんしん
  • Home
    • 相談先
    • 避妊
    • 妊娠したかも
    • 妊娠と仕事
    • 妊娠と学校
    • 妊娠出産の費用
    • 在留資格
    • 中絶
    • 赤ちゃんポスト
    • 技能実習生の話
    • 留学生の話
    • リンさんは無罪
    • 寄付のお願い
    • 書籍紹介
  • Tiếng Việt
    • Nơi Tư Vấn (consultation)
    • Phòng tránh thai (contraception)
    • Mang thai (pregnant)
    • Mang thai và làm việc (work)
    • Mang thai và trường học (school)
    • Chi phí (expense)
    • Tình trạng lưu trú (status)
    • Bỏ thai (abortion)
    • Hộp thư trẻ sơ sinh (babay hatch)
    • Câu chuyện của thực tập sinh kỹ năng(実習生)
    • Mang thai và trường học (student)
  • English
    • Consultation
    • Contraception
    • might be pregnant.
    • pregnancy and work
    • pregnancy & school
    • expenses for childbirth
    • status of residence
    • abortion
    • Baby Hatch
    • Technical Intern Trainee
    • international student
    • Ms.Linh is not guilty
  • नेपाली
    • परामर्श Consultation
    • गर्भनिरोधन Contraception
    • गर्भवती हुन सक्छ pregnant
    • काम work
    • विद्यालय school
    • खर्चहरु expenses
    • निवासको स्थिति status
    • गर्भपतन abortion
    • शिशु पोस्ट baby hatch
    • टेक्निकल इंटर्न ट्रेनी Trainee
    • अन्तर्राष्ट्रिय विद्यार्थी student
  • 中文
    • 信息咨询
    • 避孕
    • 怀孕
    • 工作
    • 学校
    • 怀孕和分娩的费用
    • 在留资格
    • 流产
    • 婴儿信箱
    • 技能实习生
    • 留学生
  • Filipino
    • KONSULTASYON
    • Kontrsepsiyon
    • Maaaring nagdadalang-tao(pregnant.)
    • Ang pagbubuntis at ang trabaho (work)
    • Ang pagbubuntis at and pag-aaral(school)
    • Mga gastos sa panganganak(expenses)
    • Katayuan ng paninirahan(visa)
    • Pagpapalaglag(abortion)
    • Baby Hatch (Tag)
    • Technical Intern Trainee
    • internasyonal na estudyante
    • Walang kasalanan si Ms. Linh
  • Indonesia
    • Konsultasi (Consultation)
    • Kontrasepsi (Contraception)
    • Mungkin sedang hamil (might be pregnant.)
    • Kehamilan dan Pekerjaan (work)
    • Kehamilan dan Sekolah (school)
    • Biaya Persalinan (expenses)
    • Status Izin Tinggal (status)
    • aborsi (abortion)
    • Kotak Pos Bayi (BabyHatch)
    • Pemagang Kerja Teknis (TIT)
    • Pelajar Internasional (international student)
    • Linh Tidak Bersalah
  • မြန်မာဘာသာ
    • တိုင်ပင်ဆွေးနွေးရန်နေရာ(Consultation)
    • ကိုယ်ဝန်မရအောင်တားဆီးခြင်း(contraception)
    • ကိုယ်ဝန်ရှိကောင်းရှိနေလိမ့်မယ်(pregnant)
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် အလုပ်ပါလုပ်နေ&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် ကျောင်းပါတက်န&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအ&#
    • နေထိုင်ခွင့်အမျိုးအစား/အခြေအနေ(status)
    • ကိုယ်ဝန်ဖျက်ချခြင်း(abortion)
    • ဘေဘီပို့စုတို (baby hatch)
    • နည်းပညာအလုပ်သင်များ၏ပြောပြချက်(TITP)
    • ကျောင်းသားများ၏ပြောပြချက်(student)
    • လင်းစံသည် အပြစ်မရှိပါ (Mr.Linh)
  • Home
    • 相談先
    • 避妊
    • 妊娠したかも
    • 妊娠と仕事
    • 妊娠と学校
    • 妊娠出産の費用
    • 在留資格
    • 中絶
    • 赤ちゃんポスト
    • 技能実習生の話
    • 留学生の話
    • リンさんは無罪
    • 寄付のお願い
    • 書籍紹介
  • Tiếng Việt
    • Nơi Tư Vấn (consultation)
    • Phòng tránh thai (contraception)
    • Mang thai (pregnant)
    • Mang thai và làm việc (work)
    • Mang thai và trường học (school)
    • Chi phí (expense)
    • Tình trạng lưu trú (status)
    • Bỏ thai (abortion)
    • Hộp thư trẻ sơ sinh (babay hatch)
    • Câu chuyện của thực tập sinh kỹ năng(実習生)
    • Mang thai và trường học (student)
  • English
    • Consultation
    • Contraception
    • might be pregnant.
    • pregnancy and work
    • pregnancy & school
    • expenses for childbirth
    • status of residence
    • abortion
    • Baby Hatch
    • Technical Intern Trainee
    • international student
    • Ms.Linh is not guilty
  • नेपाली
    • परामर्श Consultation
    • गर्भनिरोधन Contraception
    • गर्भवती हुन सक्छ pregnant
    • काम work
    • विद्यालय school
    • खर्चहरु expenses
    • निवासको स्थिति status
    • गर्भपतन abortion
    • शिशु पोस्ट baby hatch
    • टेक्निकल इंटर्न ट्रेनी Trainee
    • अन्तर्राष्ट्रिय विद्यार्थी student
  • 中文
    • 信息咨询
    • 避孕
    • 怀孕
    • 工作
    • 学校
    • 怀孕和分娩的费用
    • 在留资格
    • 流产
    • 婴儿信箱
    • 技能实习生
    • 留学生
  • Filipino
    • KONSULTASYON
    • Kontrsepsiyon
    • Maaaring nagdadalang-tao(pregnant.)
    • Ang pagbubuntis at ang trabaho (work)
    • Ang pagbubuntis at and pag-aaral(school)
    • Mga gastos sa panganganak(expenses)
    • Katayuan ng paninirahan(visa)
    • Pagpapalaglag(abortion)
    • Baby Hatch (Tag)
    • Technical Intern Trainee
    • internasyonal na estudyante
    • Walang kasalanan si Ms. Linh
  • Indonesia
    • Konsultasi (Consultation)
    • Kontrasepsi (Contraception)
    • Mungkin sedang hamil (might be pregnant.)
    • Kehamilan dan Pekerjaan (work)
    • Kehamilan dan Sekolah (school)
    • Biaya Persalinan (expenses)
    • Status Izin Tinggal (status)
    • aborsi (abortion)
    • Kotak Pos Bayi (BabyHatch)
    • Pemagang Kerja Teknis (TIT)
    • Pelajar Internasional (international student)
    • Linh Tidak Bersalah
  • မြန်မာဘာသာ
    • တိုင်ပင်ဆွေးနွေးရန်နေရာ(Consultation)
    • ကိုယ်ဝန်မရအောင်တားဆီးခြင်း(contraception)
    • ကိုယ်ဝန်ရှိကောင်းရှိနေလိမ့်မယ်(pregnant)
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် အလုပ်ပါလုပ်နေ&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် ကျောင်းပါတက်န&#
    • ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအ&#
    • နေထိုင်ခွင့်အမျိုးအစား/အခြေအနေ(status)
    • ကိုယ်ဝန်ဖျက်ချခြင်း(abortion)
    • ဘေဘီပို့စုတို (baby hatch)
    • နည်းပညာအလုပ်သင်များ၏ပြောပြချက်(TITP)
    • ကျောင်းသားများ၏ပြောပြချက်(student)
    • လင်းစံသည် အပြစ်မရှိပါ (Mr.Linh)
Search by typing & pressing enter

YOUR CART

ကလေးမလိုချင်သေးပါဘူး၊ ဘာလုပ်ရမလဲ။

ကလေးမွေးဖွားရန် အဆင်သင့်ဖြစ်‌သောအခြေအနေမရှိသေးပါက "ကိုယ်ဝန်မရအောင်တားဆီးခြင်း" ကို ပြုလုပ်ပါ။ ကိုယ်ဝန်မရအောင်တားဆီးခြင်းသည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးက တာဝန်ယူရမည့် ကိစ္စဖြစ်သည်။ သင့်မိခင်နိုင်ငံတွင် အသုံးပြုခဲ့သော ကိုယ်ဝန်တားဆီးနည်းအချို့ကို ဂျပန်တွင် ခွင့်မပြုထားခြင်းလည်းရှိသည်။ ပထမဦးစွာ အမျိုးသားက ကွန်ဒုံးကိုအသုံးပြုပါ။ 
 
ကိုယ်ဝန်ရှိလာပါက အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအတွက် များစွာဝန်ပိစေပါသည်။ အကယ်၍ အမျိုးသားက ကိုယ်ဝန်တားဆီးခြင်းကို ငြင်းပယ်ခဲ့၍ ကိုယ်ဝန်ဖျက်ချရမည့် အခြေအနေဖြစ်လာပါက အမျိုးသမီးတစ်ဦးတည်းကသာ ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းဆောင်ရခြင်းမဟုတ်ဘဲ အမျိုးသားကလည်း ကုန်ကျစရိတ်များကို ပံ့ပိုးပေးရန် လိုအပ်ပါသည်။

ဂျပန်တွင် ခွင့်ပြုထားသော ကိုယ်ဝန်တားဆီးနည်းများ

အမျိုးသားသုံး ကွန်ဒုံး
အမျိုးသားက လိင်တံတွင် တပ်ဆင်ပြီး သုက်ရည်များသည် အမျိုးသမီး၏ မွေးလမ်းကြောင်းထဲသို့ မဝင်ရောက်စေရန် ကာကွယ်သောအရာဖြစ်သည်။ လိင်ဆက်ဆံသည့်အခါမှသာ အသုံးပြုပါ။ ကိုယ်ဝန်တားဆီးခြင်းအပြင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

ဆေးဆိုင်များ၊ drug store၊ အချို့သော  ယန်း၁၀၀ ဆိုင်များတွင် ရောင်းချပါသည်။ ၂ ခုလျှင် ယန်း၁၀၀ မှ ၁၂ ခုပါ၁ဗူးလျှင် ယန်း ၁၀၀၀ ခန့်အထိ အမျိုးမျိုးရှိပါသည်။ ကျား/မ မခွဲခြားဘဲ မည်သူမဆို သက်သေခံကတ် (ID) မပါဘဲ ဝယ်ယူနိုင်ပါသည်။

အတွင်းအပြင် မှားယွင်းစွာတပ်ဆင်ပါက အသုံးပြုနိုင်မည်မဟုတ်ပါ။ လက်သည်းဖြင့် ထိ၍မပေါက်ပြဲစေရန် သတိထားပါ။ ရေလောင်းအိမ်သာထဲကို  စွန့်ပစ်လိုက်လျှင် ပိတ်ဆို့သွားနိုင်သည့်အတွက် အမှိုက်အဖြစ် စနစ်တကျ စွန့်ပစ်ပါ ။သက်တမ်းကုန်ဆုံးရက် ရှိသောကြောင့် ရက်စွဲကို စစ်ဆေးပါ။

ကွန်ဒုံး မှန်ကန်စွာ အသုံးပြုနည်း (Iwamurom Shinya)
https://www.youtube.com/watch?v=mHHRgFfGnzA&has_verified=1&ab_channel=mangachop

ကွန်ဒုံး မှန်ကန်စွာ အသုံးပြုနည်း (性教育Youtuberシオリーヌ)

သန္ဓေတားဆေး  / Low-Dose သန္ဓေတားဆေး(OC)
အမျိုးသမီးက နေ့စဉ် သတ်မှတ်ထားသောအချိန်တွင် ဟော်မုန်းဆေးပြားကို သောက်သုံးခြင်းဖြင့် မျိုးဥကြွေခြင်းကို ဟန့်တားမည်ဖြစ်သည်။ အမျိုးသမီးက မိမိဆန္ဒအတိုင်း စတင်နိုင်ပါသည်။ ကလေးလိုချင်လာပါက ဆေးသောက်ခြင်းကို ရပ်လိုက်ရုံသာဖြစ်သည်။

သားဖွားမီးယပ်ဆေးခန်းသို့ သွားရောက်၍ ဆရာဝန်ထံမှ ဆေးညွှန်းရယူရန် လိုအပ်ပါသည်။ တစ်နှစ်လျှင် ၁-၂ ကြိမ် ပုံမှန်စစ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်း လိုအပ်ပါသည်။ လိင်မဆက်ဆံသည့်နေ့များတွင်လည်း နေ့စဉ် ဆက်တိုက်မသောက်သုံးလျှင် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။ စမတ်ဖုန်းအပလီကေးရှင်းများကို အသုံးပြု၍ဆေးသောက်ဖို့မမေ့ရန် ကာကွယ်ပါ။ ကိုယ်ဝန်တားဆေးသည် သွေးခဲခြင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သောကြောင့် ဤဆေးကို သောက်သုံးနေစဉ် ဆေးလိပ်ဖြတ်ရန် အကြံပြုအပ်ပါသည်။ 

ရာသီသွေးမမှန်ခြင်းကဲ့သို့သော ရောဂါကိုကုသရန် ရည်ရွယ်ပါက ကျန်းမာရေးအာမခံ အကျုံးဝင်ပါသည်။ ကျန်းမာရေးအာမခံ အကျုံးဝင်ပါက မိမိကိုယ်တိုင်ပေးဆောင်ရမည့် ပမာဏမှာ ၃၀% ဖြစ်ပြီး ဆေးကုသစရိတ်နှင့် ဆေးဖိုးပေါင်းယန်း ၁၇၀၀ ခန့် ကုန်ကျပါမည်။

ကိုယ်ဝန်တားဆီးဖို့ရန်ကို ရည်ရွယ်ပါက ကျန်းမာရေးအာမခံ အကျုံးမဝင်သောကြောင့် စရိတ်အားလုံးမိမိကိုယ်တိုင်အကုန်အကျခံရမည်ဖြစ်သည်။ မိမိကိုယ်တိုင်အကုန်အကျခံရသောကုန်ကျစရိတ်ဖြစ်ပါက ဆေးရုံကိုလိုက်၍ ကုန်ကျစရိတ်နှင့် ဆေးရရှိနိုင်သည့် ကာလကွာခြားပါသည်။ ဆေးဖိုးသည် ဆေးဆိုင်အလိုက် ကွာခြားပါသည်။ နောက်ပိုင်းထုတ်လုပ်သောဆေးဝါးများ (Generic drug) မှာ တစ်လစာအတွက် ၂၀၀၀ ယန်းခန့်ဖြစ်သည်။ အစောပိုင်းထုတ်လုပ်သောဆေးဝါးများ (Original drug) မှာ ၂၅၀၀ ယန်းမှ ၃၀၀၀ ယန်းခန့်ဖြစ်သည်။
 
သားအိမ်အတွင်းထည့် ပစ္စည်း (IUD)
အမျိုးသမီး၏ သားအိမ်ထဲသို့ ပလပ်စတစ်ကိရိယာ ထည့်သွင်းခြင်းဖြင့် သန္ဓေသားလောင်းက သားအိမ်အတွင်းတွင်တွယ်ကပ်ခြင်းကို ဟန့်တားခြင်းဖြစ်စေသည်။ အမျိုးအစားအလိုက် ကာလကွာခြားသော်လည်း ၃ နှစ်မှ ၁၀ နှစ်အထိ အကျိုးသက်ရောက်မှုရှိသည်။

သားဖွားမီးယပ်ဆေးခန်းတွင်ဆေးစစ်ပြီးနောက် ထည့်သွင်းမည်။ ကလေးလိုချင်လာပါက ဆရာဝန်ထံတွင် ပြန်လည်ထုတ်ရမည်။ ယန်း၃၀၀၀၀ မှယန်း ၇၀၀၀၀ အထိ ကုန်ကျမည်။ ကျန်းမာရေးအာမခံ အသုံးပြု၍မရပါ။

ကလေးမရနိုင်ရန် ခွဲစိတ်ကုသခြင်း
ကလေးရှိပြီးသူများ နှင့် နောက်ထပ်ကလေးမလိုချင်သူများအတွက် ခွဲစိတ်ကုသမှု ခံယူနိုင်သည်။ အမျိုးသား၏ "သုက်ပို့ပြွန်ဖြတ်ခြင်း" (pipe cut) အတွက်ယန်း ၂၀၀၀၀၀ နှင့်အထက် ကုန်ကျပြီး အမျိုးသမီး၏ "သားဥပြွန်ဖြတ်ခြင်း" (Tubal ligation) အတွက် ယန်း ၅၀၀၀၀ နှင့်အထက် ကုန်ကျမည်။ 
 
ကာလအပိုင်းအခြားကြည့်၍ သန္ဓေတားနည်း (Rhythm/Calendar method)
အမျိုးသမီး၏ ရာသီစက်ဝန်းမှ ကိုယ်ဝန်ရလွယ်နိုင်သည့်နေ့နှင့် ကိုယ်ဝန်ရနိုင်ချေနည်းသည့်နေ့များကို ခန့်မှန်းသောနည်းလမ်းဖြစ်သည်။ ခန္ဓာကိုယ်အခြေခံအပူချိန်ကို တိုင်းတာပြီး ရာသီစက်ဝန်းကို မှတ်တမ်းတင်ရန် လိုအပ်သည်။ ရာသီစက်ဝန်း မမှန်သူများ နှင့် ကောင်းစွာနားမလည်သူများသည် ဤနည်းဖြင့် ကိုယ်ဝန်တားဆီးရန် ခက်ခဲနိုင်သောကြောင့် အခြားနည်းလမ်းများနှင့် ပေါင်းစပ်အသုံးပြုသင့်သည်။


ဂျပန်တွင် ခွင့်မပြုသော နည်းလမ်းများ

ဟော်မုန်းဆေးထိုးခြင်း: ဂျပန်ဆေးရုံများတွင် ထိုး၍မရပါ။
ဟော်မုန်းထည့်သွင်းခြင်း (Implant):  ဂျပန်ဆေးရုံများတွင် ထည့်သွင်း၍မရပါ။ ပြန်ထုတ်ပေးနိုင်သည့် ဆေးရုံများကို ရှာဖွေရန်လည်း ခက်ခဲပါသည်။
ကိုယ်ဝန်တားဆီးသည့် စတစ်ကာ၊ ကိုယ်ဝန်တားဆီးသည့် ကပ်ခွာ၊ အမျိုးသမီးသုံး ကွန်ဒုံး: ဂျပန်တွင် ရောင်းချခြင်းမရှိပါ။

မိခင်နိုင်ငံမှ ကိုယ်တိုင်ဆေးဝါးယူဆောင်လာရာတွင် သတိပြုရန်

ကိုယ်တိုင်အသုံးပြုရန် တစ်လစာ ဆေးဝါးများကို ခရီးဆောင်လက်ဆွဲအိတ်ထဲတွင်ထည့်၍ ယူဆောင်လာနိုင်သည်။ တစ်လစာထက်ပိုသော ဆေးဝါးများကို ယူဆောင်လာပါက အကောက်ခွန်တွင် "ခေတ္တလက်ခံသိမ်းဆည်းခြင်း" ခံရပါမည်။ "သွင်းကုန်အတည်ပြုလျှောက်လွှာ" ကို ဆရာဝန်၏ ဆေးညွှန်း သို့မဟုတ် ဆရာဝန်ဆေးထောက်ခံစာ၊ ဆေးဝါးဖော်ပြချက်များနှင့်အတူ အကောက်ခွန်သို့ တင်ပြရပါမည်။ ဆေးညွှန်းသည် ဂျပန်ဆရာဝန်ရေးထားသည်ဖြစ်စေ၊ မိခင်နိုင်ငံမှ ဆရာဝန်ရေးထားသည်ဖြစ်စေ ရသည်။ စာတိုက်မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။လျှောက်လွှာခွင့်ပြုချက်ရရှိပြီးနောက် အကောက်ခွန်တွင် ဆေးဝါးများကို သွားယူရပါမည်။ ကိုယ်တိုင်သွားရောက်နိုင်ခြင်းမရှိပါက ကိုယ်စားလှယ်လွှဲစာရေးပေးခြင်းဖြင့် ကိုယ်စားလှယ်က လက်ခံယူနိုင်ပါသည်။

" ယူဆောင်လာသော ဆေးဝါးများကို အခြားသူတစ်ဦးအား ပေးခြင်း သို့မဟုတ် ရောင်းချခြင်းပြုပါက 'ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာဥပဒေအား ချိုးဖောက်ရာရောက်' ပါသည်၊ ထို့ကြောင့် ထောင်ဒဏ် (၁) နှစ်မှ (၂) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ယန်း (၁,၀၀၀,၀၀၀) မှ (၂,၀၀၀,၀၀၀) အထိ ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။

ကိုးကားရန်: Ministry of Health, Labour and Welfare Kanto-Shin'etsu Regional Bureau "ဆေးဝါးများ စသည်တို့ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ"
https://kouseikyoku.mhlw.go.jp/kantoshinetsu/iji/yakkanhp-kaishu-2016-3.html#yakkan-shoumei

မိခင်နိုင်ငံမှ ဆေးဝါးများ ပို့ခိုင်းရာတွင် သတိပြုရန်

မိမိကိုယ်တိုင်အသုံးပြုရန် ဆေးဝါးများကို ပို့ခိုင်းနိုင်ပါသည်။ သို့သော်လည်း ပစ္စည်းများကို တိုက်ရိုက်လက်ခံယူလို့ မရပါ။ ပစ္စည်းများ ဂျပန်သို့ ရောက်ရှိပါက အကောက်ခွန်မှ မှတ်ပုံတင်စာပို့ကတ်ဖြင့် အကြောင်းကြားပါမည်။ ဆရာဝန်ထောက်ခံစာနှင့် သွင်းကုန်အတည်ပြုလျှောက်လွှာကို တင်ပြပြီး ခွင့်ပြုချက်ရရှိပါက အကောက်ခွန်မှ ပစ္စည်းများကို ပေးပို့ပါမည်။

ပေးပို့ခိုင်းသော ဆေးဝါးများကို အခြားသူအား ပေးခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်ပါက'ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာဥပဒေအား ချိုးဖောက်ရာရောက်' ပါသည်။ ထို့ကြောင့် ထောင်ဒဏ် (၁) နှစ်မှ (၂) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ယန်း (၁,၀၀၀,၀၀၀) မှ (၂,၀၀၀,၀၀၀) အထိ ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။

ကိုးကားရန်: ဆေးဝါး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ စသည်တို့၏ အရည်အသွေး၊ ထိရောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေ
https://elaws.e-gov.go.jp/document?lawid=335AC0000000145

အင်တာနက်ပေါ်ရှိ "ဆေးဆိုင်များ" ကို သတိပြုရန်

အင်တာနက်ပေါ်တွင် ဆေးဝါးများကို ရောင်းချနိုင်သူများသည် ဆေးဆိုင်လိုင်စင်ရရှိထားသူများသာဖြစ်သည်။ ဆေးဆိုင်လိုင်စင်မရှိဘဲ ဆေးဝါးများကို ရောင်းချပါက'ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာဥပဒေအား ချိုးဖောက်ရာရောက်' ပါသည်။ ထို့ကြောင့် ထောင်ဒဏ် (၁) နှစ်မှ (၂) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ယန်း (၁,၀၀၀,၀၀၀) မှ (၂,၀၀၀,၀၀၀) အထိ ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။  အင်တာနက်နှင့် လူမှုကွန်ရက်များပေါ်တွင် ရောင်းချနေသော ဆေးဝါးများသည် သက်တမ်းကုန်ဆုံးနေသော သို့မဟုတ် အရည်အသွေးညံ့ဖျင်းသော ပစ္စည်းများဖြစ်နိုင်သောကြောင့် အသုံးပြုရန် အန္တရာယ်ရှိပါသည်။
コムスタカ―外国人と共に生きる会
Kumustaka - Association for Living Together with Migrants

Nhóm Kumustaka – Đồng hành với người ngoại quốc

日本語     Tiếng Việt     English  नेपाली  中文 Tagalog Bahasa Indonesia  မြန်မာဘာသာ

のシステムを使用 カスタマイズできるテンプレートで世界唯一のウェブサイトを作成できます。